ပျော်ဘွယ်
ဇန်နဝါရီ ၁၅
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို
တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေဆိုင်ရာ သင်တန်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို
ဇန်နဝါရီလ(၁၅)ရက်၊ နံနက်(၉)နာရီက ပျော်ဘွယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာခြင်းနောက်ခံသမိုင်းကြောင်း
အား ဗီဒီယိုဖိုင်နှင့်တကွက်ရှင်းလင်းပြသပြီး ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကို တို့က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရင်းကို
ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းတာဝန်ပေးအပ်ထားသည့်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ (၂.၁၂.၂၀၁၆)ရက်စွဲပါ
ဥပဒေအမှတ်(၄၁)၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေနှင့်ပတ်သက်၍
အုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရန်၊
အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ကျွမ်းကျင် နားလည်သဘောပေါက်စေရန်၊ အုပ်ချုပ်ရေးမှူးများအနေဖြင့်
ပြည်သူများနှင့်တသားတည်းဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
၎င်းသင်တန်းအား
မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၅)အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်မည်ဖြစ်ပြီး
သင်တန်းအား သုံးရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ပျော်ဘွယ် (ပြန်/ဆက်)
No comments:
Post a Comment