ကရင်ပြည်နယ်၊
မြ၀တီခရိုင်၊ မြ၀တီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးသီးစီးဌာန၊ အစည်းအဝေး ခန်းမတွင်
အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုဆိုင်ရာကာကွယ်တားဆီးရေးလုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ဇန်န၀ါရီလ ၂၇ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးကအဖွင့်အမှာစကားပြောကြားရာယခုအခါ အမျိုးသမီးများအကြမ်းဖက်မှုနှင့်
သက်ငယ်မုဒိန်းမှုများသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားမှု များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊
မိမိတို့အနေဖြင့်လည်းခရိုင်၊မြို့နယ်များမှ ကျေးရွာများအထိယင်းဖြစ်ရပ်များအား ကာကွယ်တားဆီးနိုင်ပါရန်
ဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများကို နှံနှံစပ်စပ် ထိထိမိမိဆောင်ရွက်သွားမည်ဖြစ်၍
အားလုံးပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
တက်ရောက်လာသည့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ ခရိုင်အမျိုးသမီးရေးရာ
ကော်မတီမှ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်
ရေးအသင်းမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက
ဝိုင်းဝန်း၍ အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်
(ပြန်/ဆက်)
No comments:
Post a Comment