မွန်ပြည်နယ်၊ သထုံမြို့နယ်သမ၀ါယမအသင်းစုရုံးတွင်
ဇန်န၀ါရီလ ၂၇ ရက်၊ နံနက်က သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံသမ၀ါယမအသင်းများသို့
အသေးစားအရင်းအနှီး ချေးငွေများနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း
သိရသည်။
အခမ်းအနားတွင် မြို့နယ်သမ၀ါယမဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးစိန်ဟန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမ၀ါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်ထွန်းကြည်က
ချေးငွေများနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်ရခြင်းနှင်းစပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သမ၀ါယမအသင်းစုမှ
အခြေခံသမ၀ါယမအသင်း ၄၉ သင်း သို့ ချေးငွေစုစုပေါင်း ကျပ်သိန်း ၁၅၆၂၃ ဒဿမ ၈၄၃၈ သိန်းကိုပေးအပ်ခဲ့ပြီး
အခြေခံသမ၀ါယမ အသင်း ၃ သင်းသို့ စုစုပေါင်းငွေကျပ် ၆၃ သိန်းကျော် တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာနှင့်
အိမ်တွင်းလက်မှုလုပ်ငန်းသုံး အပ်ချုပ်စက်များ တို့ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဦး(သထုံ)
No comments:
Post a Comment