Friday, January 6, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား မြန်မာနိုင်ငံဆိုင်ရာ ပြစ်သစ်နိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့ လာရောက် တွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E Mr. Oliver Richard နှင့် အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ဆွေးနွေးခဲ့သည်များနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရန် ကိစ္စရပ်များဖြစ်သော မီဒီယာဥပဒေ၊ ရုပ်သံဥပဒေနှင့်ပတ်သက်သည့် ပညာရပ်ပိုင်းဆိုင်ရာ အကူအညီ အထောက်အပံ့များနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များ၊ ရုပ်သံ အစီအစဉ်များ၊ သတင်း/မှတ်တမ်းဗီဒီယို၊ ဖလင်များနှင့် ဓာတ်ပုံများအား Digital Archiving System ပြုလုပ်ရန် ကိစ္စရပ်များအပေါ် ပြင်သစ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် စေလွှတ်ပေးရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment