နေပြည်တော်
ဇန်နဝါရီ ၃၀
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ၊ ဒေါက်တာ မြင့်ထွေးသည် ဇန်နဝါရီလ (၂၈) ရက်၊ နံနက် (၁၁) နာရီတွင်
မြို့ချောင်း အထူးတိုက်နယ် ဆေးရုံသို့ ရောက်ရှိပြီး တိုက်နယ် ဆရာဝန် ဒေါက်တာ ပြည့်ဖြိုးအောင်နှင့်
ဆရာဝန်၊ သူနာပြုများ
အား တွေ့ဆုံကာ ယခင် လာရောက်စဉ်က မှာကြား ဆောင်ရွက် ဖြည့် ဆည်းပေးခဲ့မှု
အခြေအနေများကို စစ်ဆေး သုံးသပ်၍ ထပ်မံ လိုအပ်မှုများ ကို မေးမြန်း ဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီး
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဧည့်ခန်းတွင် ကမ္ဘာ့ဘဏ် အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏
အာဟာရ မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပံ့ပိုးပေးနိုင်ရေး၊ အမျိုးသား ကျန်းမာရေး
စီမံကိန်း လုပ်ငန်းများကို အကောင် အထည်ဖော်ရာ တွင် ပါဝင် ကူညီနိုင်ရေး၊ အရေးပေါ် အခြေအနေ၊
သဘာဝဘေးနှင့် ကပ်ရောဂါများ ကျရောက်ပါက အလျင်အမြန်ဆုံး အကူအညီ ပေးနိုင်ရေး၊ ကမ္ဘာ့ဘဏ်မှ
ကူညီ ထောက် ပံ့ ပေးသော ငွေကြေး များကို အမှန်တကယ် လိုအပ်သည့် နေရာများတွင်သာ သုံးစွဲနိုင်ရန်
ဆောင်ရွက်ရေး၊ အလေအလွင့် မရှိစေရန် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် UNAIDS, UNICEF, WHO,
University of Oslo တို့ပါဝင်သော အဖွဲ့အား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး သတင်းပို့စနစ်အား
ကွန်ပျူတာ အခြေပြု သတင်းပို့စနစ် အဖြစ်သို့ ပြောင်းလဲရာတွင် DHIS – 2 Software အား
အသုံးပြုနိုင်ရေး DHIS – 2 Software အား National Database Platform အဖြစ် အသုံးပြုနိုင်ရေး၊
Software အသုံးပြုနိုင်ရေး အတွက် လူသား အရင်းအမြစ် ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာန အတွင်း IT ဆိုင်ရာ အခြေခံ အဆောက်အဦများ အဆင့်မြှင့်ရေး ကိစ္စရပ်များ
ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးအား အမေရိကန်နိုင်ငံ
StanFord University မှ လာရောက် တွေ့ဆုံ၍ မိခင်နှင့် ကလေး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊
ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် လူနာများပြားနေမှု ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ဇန်နဝါရီ (၂၉)ရက် နံနက် (၇)နာရီတွင် ရန်ကုန်မြို့၊
ကမာရွတ်မြို့နယ် ရှိ ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒာဓိကအား သွားရောက် ဖူးမြှော်၍ လှူဖွယ်
ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment