Monday, January 30, 2017

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၆) အထည်စက်ရုံ (ဆားလင်းကြီး)နှင့် အမှတ်(၅) အထည်စက်ရုံ (ပခုက္ကူ) တို့အား ကြည့်ရှု စစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ (၃၀)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ရှိ အမှတ်(၆) အထည်စက်ရုံ (ဆားလင်းကြီး)သို့ ရောက်ရှိပြီး အထည်ချုပ်ဌာန၊ ဝါအရည်အသွေး
စစ်ဆေးရေးဌာန၊ ချည်မျှင် အရည်အသွေး စစ်ဆေးရေး ဌာန၊ ဗိုင်းတောင့် ထုတ်လုပ်ရေး ဌာန၊ ချည်ငင် ထုတ်လုပ်ရေး ဌာန၊ ချည်မျှင် ထုတ်လုပ်ရေး ဌာန၊ ရက်ကန်းဌာန၊ ပိတ်စစ်ဆေးရေး ဌာန၊ စက်ပြင်ဌာနနှင့် စက်ရုံမှ ထုတ်လုပ် ထားရှိသည့် ထုတ်ကုန် ပစ္စည်းများ ခင်းကျင်း ပြသထားသည့် အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မိမိတို့၏ ထုတ်ကုန် ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှ သာ ဈေးကွက် အတွင်း ယှဉ်ပြိုင် ရောင်းချနိုင်မည် ဖြစ်ကြောင်း၊၊
တီထွင် ဆန်းသစ်မှုများကို အမြဲတစေ ဆောင်ရွက်ရန်နှင့် နိုင်ငံတကာမှ Design များကို အမြဲမပြတ် လေ့လာပြီး မြန်မာမှုပြု၍ သုံးစွဲသူ ကြိုက်နှစ် သက်အောင် တီထွင် ထုတ်လုပ်ရန် လိုကြောင်း မှာကြားသည်။
ဆက်လက်၍ မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အမှတ်(၅) အထည်စက်ရုံ (ပခုက္ကူ)သို့ ရောက်ရှိပြီး ဝါဖန်ဌာန၊ အရည်အသွေး စစ်ဆေးရေး ဌာန၊ အပင်ပေါင်းဌာန၊ ချည်ငင် ထုတ်လုပ်ရေး ဌာန၊ ရက်ကန်းဌာန၊ ရက်လုပ်ပြီး ပိတ်များ စစ်ဆေးနေသည့် အခြေအနေနှင့် စက်ရုံမှ ထုတ်လုပ် ထားရှိသည့် ထုတ်ကုန် ပစ္စည်းများ ခင်းကျင်း ပြသထားသည့် အခြေအနေ တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်း တင်ပြမှသာ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း၊၊
ဝန်ထမ်းများ အနေဖြင့် လုပ်ငန်း တာဝန်များကို တက်တက် ကြွကြွဖြင့် မြန်မြန် ဆန်ဆန် ဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့် ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment