နေပြည်တော် ဇန်န၀ါရီ ၇
နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေပြား
သင်္ကန်းတော်များ ကပ်လှူ ပူဇော်ရန် အတွက် မိုးထိ၊ မိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာ ထွန်းကား
ပြန့်ပွားရေးအဖွဲ့မှ (၁၀) ကြိမ်မြောက် ရွှေစင်
၃၇ ကျပ်သား လှူဒါန်းခြင်းနှင့် စတုဒိသာ ထမင်းအာဟာရ ဒါန ကျွေးမွေး လှူဒါန်းခြင်း အခမ်းအနားကို
ယနေ့ နံနက် ၉ နာရီခွဲက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လိုဏ်ဂူတော် အတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် စေတီတော် ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ နေပြည်တော် ပျဉ်းမနားမြို့၊
မဟာလယ်တီ စံကျောင်းတိုက် ဂန္ထ၀ါစကပဏ္ဍိတ နေပြည်တော် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်
မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာဝုဓထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်
များက မေတ္တာသုတ် ပရိတ်တရား တော်များ ရွတ်ပွား ချီးမြှင့်သည်။
ထို့နောက် အလှူရှင် နေပြည်တော် မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာ ထွန်းကား
ပြန့်ပွားရေးအဖွဲ့နှင့်အတူ မိတ်ဖက် ကုမ္ပဏီများနှင့် ဂေါပကအဖွဲ့ဝင်များက သံဃာ တော်များအား
လှူဖွယ် ၀တ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေပြား သင်္ကန်းတော်များ
ကပ်လှူပူဇော်ရန် အတွက် အလှူရှင် နေပြည်တော်မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာ ထွန်းကား
ပြန့်ပွားရေးအဖွဲ့က ရွှေစင် ၃၀ ကျပ်သား၊ မိတ်ဖက် ကုမ္ပဏီများဖြစ်သည့် B.B.K ရွှေတူးဖော်
ထုတ်လုပ်မှု ကုမ္ပဏီ မိသားစုမှ ရွှေစင် ၃ ကျပ်သား ၊ ခိုင်ချယ်ရီဝင်း ကုမ္ပဏီမိသားစုက ရွှေစင်
၃ ကျပ်သားနှင့် မြန်မာ ဟိန်းစည်သူ ကုမ္ပဏီ မိသားစုက ရွှေစင် ၁ ကျပ်သား လှူဒါန်းရာ ဂေါပက
အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ယင်းနောက် ပျဉ်းမနားမြို့၊ မဟာလယ်တီ စံကျောင်းတိုက် ဂန္ထ၀ါစကပဏ္ဍိတ နေပြည်တော် သံဃနာယကအဖွဲ့
အကျိုး တော်ဆောင် ဆရာတော်က အနုမောဒနာ တရား ဟောကြား ချီးမြှင့်တော်မူ၍ ရေစက်သွန်းချ
အမျှပေးဝေသည်။
မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအဖွဲ့နှင့် မိတ်ဖက်
ကုမ္ပဏီများ အနေဖြင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင် ရွှေသား ရွှေပြား
သင်္ကန်းတော်များ ကပ်လှူ ပူဇော်ရန် အတွက် ယနေ့အထိ
ရွှေစင် ရွှေသား ၄ပိဿာ ၉၃ ကျပ်သား ၃ ပဲ ၃ရွေး ၁ ခြမ်း လှူဒါန်းပြီး ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment