Wednesday, January 11, 2017

နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့် အကြံဉာဏ်များ ပြန်လည် မျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ


နေပြည်တော်၊ ဇန်နဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆိုင်ရာ ကိုရီးယား သုတေသနအဖွဲ့(Korea Research Institute for vocational Education and Training-KRIVET)
တို့ပူးပေါင်းပြီး အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့် အကြံဉာဏ်များ ပြန်လည်မျှဝေ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Technical and Vocational Education and Training-TVET Innovative Outreach Knowledge Sharing Program) ကို ဇန်နဝါရီ (၁၀) ရက် မွန်းလွဲ (၂) နာရီခွဲ တွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် ရာတွင် နည်းပညာနှင့် သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) တိုးတက်ရေးသည် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသောအခန်း ကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားအင်အား ဖွံ့ဖြိုးလာစေရေး တို့အတွက် နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၏ အရေးပါမှုအား သိရှိနားလည်ခြင်း၊ သင်ရိုး ညွှန်းတမ်း ပြုစုရေးဆိုင်ရာများ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင်ကျောင်း၊ သိပ္ပံများနှင့် စက်ရုံအလုပ်ရုံများ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ရန် ရည်ရွယ်၍ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယား သုတေသနအဖွဲ့ (KRIVET) နှင့် ပူးပေါင်းဆောင်ရွက်သည့် ယနေ့ဆွေးနွေးပွဲမှ မိမိတို့နိုင်ငံ နည်းပညာသက်မွေးပညာကဏ္ဍ တိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပညာရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် မှုများအား ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း ‌ပြောကြားသည်။
ထို့နောက် သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့ (Korea Research Institute for Vocational Education and Training-KRIVET) မှ ဥက္ကဌဖြစ်သူ Mr. Lee Yong Soon က အမှာစကားပြောကြားသည်။
အဆိုပါ နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ် သည့် အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၂) ရက်အထိ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment