Thursday, January 26, 2017

နာဂရိုးရာ အကဖြင့် ရန်ကုန်မြို့ သို့သွားရောက် ဖျော်ဖြေမည်


ခန္တီး ဇန်နဝါရီ ၂၆
နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နာဂလူငယ်များက ရိုရာအကဖြင့် ရန်ကုန်မြို့ အမျိုးသားဇတ်ရုံ၌ သွားရောက် ကပြဖျော်ဖြေရန် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်၉နာရီက မြန်မာ့လေကြောင်းဖြင့်  ခန္တီးမြို့ ၌ ရန်ကုန်မြို့ သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနာဂတိုင်းရင်းသားလူငယ်များသည် ၂၀၁၆ ခုနှစ် နာဂဒေသ၌ ကူးစက်ရောဂါသင့် နာဂ လူမျိုးများအား ''ကယ်ဆည်ရေးနှင့်ပြန်လည်ထူထောင်ရေးရန်ပုံငွေ'' အတွက် နယ်ပေါင်းစုံ နာဂအက ကိုယ်စားလှယ်(၄၄)ဦး သွားရောက် ကပြဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါအကကိုယ်စားလှယ်များကို  နာဂရိုးရာယဉ်ကျေးမူ  ဗဟိုကော်မတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး က ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ချန်လော(ခန္တီး)

No comments:

Post a Comment