စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်
မံလူကျေးရွာအုပ်စု၊ နားပင်းကျေးရွာနှင့် နောင်ကန် ကျေးရွာအုပ်စု၊ ပါပျဉ်းခမ်းကျေးရွာချင်းဆက်တံတားနှင့်
နောင်ကန်ကျေးရွာအုပ်စုနှင့် ကန်နန်းရွှေကျောင်း ကျေးရွာချင်းဆက် ပါပျဉ်းခမ်းကျေးရွာအဝင်
သံကူကွန်ကရစ်တံတာနှစ်စင်းဆောက်လုပ်ပြီးစီးနေမှုကို နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
လက်ထောက်ညွန်ကြားရေးမှူး ဦးညီဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေထွန်း၊ မြို့နယ်
လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇေယျ၊ ဌာနမှတာဝန်ရှိသူများ နောင်ကန်ကျေးရွာအုပ်ချုပ်ရေးနှင့်ကျေးရွာ
တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက်က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ဖြင့်ွေရွှပယင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသော အဆိုပါ
ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား အလျား ၁၂ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၉ ပေနှင့်အလျား ၃၀
ပေ၊အနံ ၁၆ ပေ၊ ယာဉ်သွားလမ်း ၁၃ ပေ၊နှင့် အမြင့် ၉ပေခွဲရှိပြီး တံတားပြီးစီးသွားပြီဖြစ်သောကြောင့်
သွားလာရခက်ခဲ့သော နားပင်-ပါပျဉ်းခမ်းတောင်ကြား တံတားနှင့် ကနန်းရွေကျောင်းနှင့် နောင်ကန်ကျေးရွာအုပ်စုပါပျဉ်းခမ်းကျေးရွာများ
ကြား ဆက်သွယ်ရေးကို လွယ်ကူအဆင်ပြေစေမည်ဖြစ်ကာ ဒေသထွက်ကုန်များကိုလည်း အလွယ်တကူ သယ်ယူ
ရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်၍ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း
ပါပျဉ်းခမ်းကျေးရွာမှ ရပ်မိရပ်ဖဦးစောမောင်က ပြောသည်။
မြို့နယ် (ပြန်/ဆက်)


No comments:
Post a Comment