Thursday, January 26, 2017

စစ်ကိုင်းပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

စစ်ကိုင်း     ဇန်နဝါရီ       ၂၆
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်ပညာနှင့်လေ့ကျင့်ရေးဌာန) စစ်ကိုင်းပညာရေး ကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ(၂၆)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "ပညာရေးစုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး စစ်ကိုင်းပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက အဖွင့်အမှာစကား ပြောကြားကာ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး စီမံဘဏ္ဍာ(ငြိမ်း) ဦးစန်းလွင်နှင့် စစ်ကိုင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေချိုတို့က အမှာစကားများ ပြောကြားခဲ့ကြသည်၊ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် ဦးနိုင်ကိုကိုက ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်းပြောကြားပြီး လေ့ကျင့်ရေးအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။   
ထို့နောက်တာဝန်ရှိသူအသီးသီးက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိ သူများကိုလည်းကောင်း စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကာ ပညာရေး စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပါဝင်ကူညီကြသည့် ကျောင်းသားမိဘများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူလေးများက "ဘက်စုံပညာကိုရည်တို့လှမ်းချီ" သီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment