Thursday, January 26, 2017

အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသူ၏ မိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ လွိုင်ကော်မြို့၌ ထုတ်ပေး

လွိုင်ကော်   ဇန်နဝါရီ   ၂၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် ၂ဝ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ထုတ်ပေးခြင်း အခမ်းအနားကို ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၁ဝ)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကျန်ရစ်သူအကျိုးခံစား ခွင့်ငွေ ထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသူ မြန်မာ့မီးရထားမှ ဦးထက်စိုးကို၏ ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေ ကျပ်(၂၂၅ဝဝဝဝိ/-)အား ကျန်ရစ်သူ ဇနီး ဒေါ်နုနုရီထံ ပေးအပ်သည်။
ယင်းနောက် ကျန်ရစ်သူမိသားစုကိုယ်စား မြန်မာ့မီးရထား( လွိုင်ကော် )အငယ်တန်းအင်ဂျင်နီယာ(၁) သံလမ်းတာဝန်ခံ ဦးမြင့်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment