Thursday, January 26, 2017

နဂါးပွတ်တောင်တော်ပွဲတော်ကာလအတွက် ဈေးဆိုင်းခန်းများ မဲစနစ်ဖြင့်နေရာချထား


မင်းဘူး          ဇန်န၀ါရီ         ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ နဂါးပွတ်တောင်တော်ပွဲတော်ကာလမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ဧပြီလ(၁၇)ရက်နေ့ထိ ရက်ပေါင်း (၇၅)ရက်တိုင်တိုင် ကျင်းပသည့် ပွဲတော်ဖြစ်ပြီး အဆိုပါပွဲတော်ကာလတွင် ဈေးဆိုင်ခန်း(၂၇)ခန်းအတွက် မဲနှိုက် ဆောင်ရွက်မှုကို ဇန်န၀ါရီလ (၂၆)ရက်နေ့ နံနက်(၁၀)နာရီက နဂါးပွတ်တောင်တော်ရှိ ဈေးဆိုင်းတန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"နဂါးပွတ်တောင်တော်ပွဲတော်ကာလမှာ ဈေးရောင်းချမည့်သူများကို ဆိုင်းခန်းလျှောက်လွှာ တစ်စောင်လျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ဆိုင်းခန်းလျှောက်လွှာပေါင်း(၃၀၈၂)စောင်း ရောင်းချ ခဲ့ရပါတယ်၊ မဲပေါက်သူမှ တစ်ခန်းလျှင် ငွေတစ်သိန်းခွဲကျပ် အလှူငွေအဖြစ် ပေးသွင်းပြီးမှ ဇန်န၀ါရီ(၃၀)ရက်မှ စတင်ကာ ရောင်းချခွင့်ပြုထားပါတယ် " ဟု နဂါးပွတ်တောင်တော် သာယာလှပရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းမှ ပြောသည်။
" ဒီနေ့ ဈေးဆိုင်ခန်းမဲနှိုက်မည့် အစီအစဉ်တွင် လျှောက်လွှာလျောက်ထားသည့်ဈေးသည်တွေမှ မဲစိစစ်ရေးအဖွဲ့ရွေးထုတ်ကာ မဲစိစစ်ခိုင်ပါတယ်၊ နောက် မဲကြီးကြပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေး ရုံးမှတာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့တွေမှ မဲကြီးကြပ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်"ဟု နဂါးပွတ်တောင်တော်သာယာလှပရေးအဖွဲ့ အတွင်းရေးမှူးဦးရဲဝင်းမှ ပြောသည်။
"ကျွန်မတို့ ပွဲတော်ကာလဈေးရောင်းချလာခဲ့တာ (၁၈)နှစ်တိုင်ရှိပါပြီး ယခင်နှစ်တွေကလည်း ယခုလိုလျှောက်လွှာတွေ မဲနှိုက် ဆောင်ရွက်ခဲ့တာပါ၊ ယခုနှစ်ဈေးသည်တွေကို မဲစိစစ်ခိုင်းပြီးမှ မဲနှိုက်ခိုင်းတာပါ။ မဲလိမ်တာ၊ မဲညာတာမရှိပါဘူး၊ အားလုံးပဲ ကျေနပ်မှုရှိပါတယ်" ဟု နဂါးပွတ်တောင်တော် ပွဲတော်ကာလ ဈေးရောင်းချနေသူ မဌေးဌေးမှ ပြောပြသည်။

မင်းဘူး (ပြန်/ဆက်)

No comments:

Post a Comment