နေပြည်တော် ဇန်နဝါရီ ၅
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး
ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီဥက္ကဋ္ဌ
ဦးခွန်မောင်သောင်းတို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ
အီဂျစ်နိုင်ငံ
သံအမတ်ကြီး H.E.Mr.Khaled Mohamed AbdelrahmanAbdelsalamအားယနေ့ မွန်းလွဲ (၁)နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင် အဆောင် အမှတ် (I-5) အစည်း အဝေးခန်းမ၌
တွေ့ဆုံသည်။
တွေ့ဆုံစဉ်အီဂျစ်-မြန်မာ နှစ်နိုင်ငံ၏
ရှည်လျားပြီးရင်းနှီးသော သံတမန်ဆက်ဆံရေး၊ အရှေ့အလယ်ပိုင်း နိုင်ငံရေးတွင် အရေးပါသောအီဂျစ်နိုင်ငံ၏
အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေး ဖြစ်စဉ်၌ တိုင်းရင်းသားလူမျိုးတို့၏
အရေးပါမှု၊ အီဂျစ်နိုင်ငံ၏ မတူကွဲပြားသော ဘာသာဝင်များ၏ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှု၊
မြန်မာနှင့်အီဂျစ် ပါလီမန်များ ဆက်ဆံရေးနှင့် ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများကို
ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment