နေပြည်တော် ဇန်နဝါရီ
၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့်
နိုင်ငံခြားငွေလဲလှယ်နှုန်း ဆိုင်ရာ ကိစ္စရပ်များအတွက် ပုံမှန်ညှိနှိုင်းအစည်း အဝေးကိုယနေ့
နံနက် ၉
နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌
ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ မြန်မာနိုင်ငံတော်
ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊
မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဆက်အောင်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ
အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ကုမ္ပဏီများ၏ Export ရငွေများမှန်ကန်စွာ
ဝင်ရောက်လာခြင်းရှိ-မရှိစိစစ်နိုင်ရန် အကောက်ခွန် ဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနတို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး၊ ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနတွင်
မှတ်ပုံတင် ထားပြီးပြည်ပနှင့်ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်
ကုမ္ပဏီ (နိုင်ငံခြား/ပြည်တွင်း)စာရင်းများကိုစိစစ်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊
အကောက်ခွန် ကိုယ်စားလှယ်များအနေဖြင့် ID/ED form များတွင် အချက်အလက်များပြည့်စုံမှန်ကန်စွာ
ဖြည့်သွင်းခြင်းမပြုပါက လုပ်ငန်းကြန့်ကြာနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ရေး၊ ပြည့်စုံမှန်ကန်မှုမရှိပါက
ပြည့်စုံမှန်ကန်သည်အထိဆောင်ရွက်စေရေး၊ မော်တော်ကားအရောင်းပြခန်းများ၊ အရောင်းစင်တာများအနေဖြင့်
ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်များပြေကြေစွာထမ်းဆောင် ခြင်းမရှိပါက Import လိုင်စင်
ထုတ်ပေးခြင်းမပြုရေးနှင့် အခွန်ကျေပွန်ခြင်း မရှိသေးသော ကုမ္ပဏီများစာရင်းကိုထုတ်ပြန်ကြေငြာရေး၊
နိုင်ငံပိုင်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍတို့မှ ရယူသောပြည်ပချေးငွေများ၊ အကူအညီရငွေများ အဝင်အထွက်များကိုစနစ်တကျ
စိစစ်ရေးစသည့် ကိစ္စရပ်များ အပေါ် အကျယ်တဝင့်ဆွေးနွေးသုံးသပ်ခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment