Thursday, January 5, 2017

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည်

နေပြည်တော်  ဇန်န၀ါရီ 
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ငွေကြေး ကူညီထောက်ပံ့မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး မစ္စတာဟုန်လျန်က အမေရိကန်ဒေါ်လာ ၁ သန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ထံ ပေးအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက သံအမတ်ကြီး မစ္စတာဟုန်လျန်ထံ  အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ကျေးဇူး တင်ရှိကြောင်း စာလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment