Thursday, January 5, 2017

သင်္ဃန်းကျွန်းမြို့နယ်တွင် ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန် ဇန်န၀ါရီ ၅
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က သုဝဏ္ဏ အခြေခံပညာအထက်တန်းကျောင်းရှိ သီရိသုဝဏ္ဏပညာခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည် မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၊ ကဗျာလွတ်အက၊ အပျိုတော်အက၊ ရွှေရိုးအက၊ မောင်ရွေရိုးနှင့် ချစ်စပယ် တေးသရုပ်ဖေါ်ကပြခြင်း၊ ထာဝရမြန်မာ တေးသရုပ်ဖေါ်ကပြခြင်း၊ ပုဂံအက၊ ကရင်ဒုံးယိမ်း အက ဆီမီးခွက်အကများဖြင့်  ကျောင်းသား/ကျောင်းသူတို့က ဘက်စုံထူးချွန်စွမ်းရည်များကို  ဖေါ်ထုတ်ပြသ ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဆုချီးပေးပွဲကို ဆက်လက်ကျင်းပရာ ကျောင်းလုပ်ငန်းထူးချွန်ဆု၊ ကျောင်းနှင့်ဝန်ကျင်စိမ်းလန်း ဆိုပြေဆု၊ သင်ထောက်ကူထူးချွန်ဆု၊ ကွန်ပြူတာဆု၊ သချာင်္ထူးချွန်ဆု၊ အာဆီယံပန်းချီဆု ၊ မြန်မာစာစွမ်းရည်ဆု၊ အင်္ဂလိပ် စွမ်းရည်ဆုများကို တာဝန်ရှိသူတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပညာရေးစုံညီပွဲတော်ကို ပျော်ရွှင်စွာဖြင့် ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်) 

No comments:

Post a Comment