Thursday, January 5, 2017

သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဝက်လက် ဇန်နဝါရီ ၎
(၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၉း၀၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စန်းယုမြင့်က ပြိုင်ပွဲတွင် သားကောင်းမိခင်ဆုကို မိခင်၏ ပညာအရည်အချင်း၊ ဗဟုသုတကြွယ်ဝမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကလေးအား ပြုစုပျိုးထောင်မှု၊ ကလေးမွေးဖွားမှု အရေအတွက်များအပေါ် အကဲဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကလေးများကို ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေ၊ တကိုယ်ရေသန့်ရှင်းမှုများအပေါ် အကဲဖြတ်အမှတ်ပေး၍ ဆုများ ရွေးချယ်ပေးခဲ့ကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးလွင်က မိခင်များအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပြီး ဆုရရှိ သောမိခင်နှင့် ကလေးငယ်များကို ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

နန်းမြင့်(ဝက်လက်-ပြန်/ဆက်)

No comments:

Post a Comment