Tuesday, January 17, 2017

ဆားတောင် တိုက်နယ်အတွင်း လမ်းပန်းဆက်သွယ်ကောင်းမွန်ရေး ငွေကျပ်(၁၇၀)သန်း အကုန်အကျခံ ဆောင်ရွက်သွားမည်

စစ်ကိုင်း - ဇန်န၀ါရီ ၁၇
စစ်ကိုင်းမြို့နယ် ၊ ဆားတောင်ကျေးရွာ တိုက်နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာ စေရေးရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ အထွေထွေရန်ပုံငွေဖြင့် ဆားတောင် - ရှားပင်ကန် ကျေးရွာလမ်း ကျောက်ချောခင်းခြင်းကို ကျပ်(၅၂)သန်းဖြင့်လည်းကောင်း ၊ ယင်းမာကျင်း - အောင်စည်ပင်ကျေးရွာလမ်း ကျောက်ချောခင်းခြင်း (၁/၂)မိုင်ကို ကျပ် (၆၆)သန်းဖြင့် လည်းကောင်း ၊ တလိုင်းကျွန်း - အင်းစကျေးရွာလမ်း ကျောက်ချောခင်းခြင်းကို ကျပ်(၅၂)သန်းဖြင့် လည်းကောင်း ၊အကုန် အကျခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မိုးရာသီကာလတွင် ဆားတောင်တိုက်နယ်အတွင်းရှိ ကျေးရွာဒေသခံ ပြည်သူများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲဖြစ်မှုကို ဖြေရှင်းပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ရာ ဒေသခံ ပြည်သူတို့၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးလုပ်ငန်းများကို ပွင့်လင်းရာသီတွင်သာမက မိုးရာ သီကာလတွင်လည်း အဆင်ပြေသွားလာနိုင်ကြမည်ဖြစ်သည်။
အဆိုပါ ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်မည့် အခြေအနေများကို ပြည်သူများသိရှိနိုင်ရေး နှင့် လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်နှင့် တာဝန်ရှိသူများ ၊ ခရိုင် /မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ လုပ်ငန်းများဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်  (စစ်ကိုင်းခရိုင် ပြန်/ဆက်)

No comments:

Post a Comment