Tuesday, January 17, 2017

ငဖဲမြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ


ငဖဲ     ဇန်န၀ါရီ     ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုကြောင့် ပြည်သူ များ၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်ဆီး ဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ငဖဲမြို့နယ်စည်ပင်သာယာဈေးကြီးရှေ့ ကျင်းပခဲ့သည်။

မီးဘေးကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြဇတ်တိုက် လေ့ကျင့်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူးမှ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် မီးငြိမ်းသတ်နည်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်သရုပ်ပြခြင်း ဈေး အတွင်းရှိ ရေစုကန်များမှ အပေါ့စားမီးသတ်စက်ဖြင့် ရေဖြန်းပက်သရုပ်ပြခြင်း၊ မီးသတ်ယာဉ် (၁) စီး ရေသယ် ယာဉ်(၁)စီးတို့ဖြင့် ရေဖြန်းပက်သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနအကြီးအကဲများ၊    ၀န်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အရန်မီးသတ် တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ပြည်သူများနှင့်ဈေးသူ ဈေးသားများ အင်အား (၁၅၀)ဦးခန့် စုပေါင်းပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment