Tuesday, January 17, 2017

ကြွက်များဝင်ရောက်ဖျက်စီးမှုကြောင့်ပျက်စီးသွားသောသီးနှံစိုက်တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်


ဘီးလင်း  ဇန်န၀ါရီ ၁၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျခတ်ချောင်းကျေးရွာအုပ်စုတွင်  တောင်သူများ  စိုက်ပျိုးထားသော  သီးနှံစိုက်ခင်းများအတွင်း ကြွက်များဝင်ရောက် ဖျက်စီးမှုကြောင့် ပျက်စီးသီးနှံများအတွက် မွန်ပြည်နယ် သဘာဝဘေး ကာကွယ်ရေးရန်ပုံငွေမှ  ထောက်ပံ့ငွေပေးအပ်ပွဲကို  ဇူလိုင် ၁၆  ရက်က ကျခတ်ချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်သည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှင့် အစိုးရအဖွဲ့ဝင် တိုင်ရင်းသားရေးရာ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်  မြို့နယ် အဆင့် ဌာနဆိုင်ရာများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။  အခမ်းအနားတွင်  ပြည်နယ် ၀န်ကြီးချုပ်က သီးနှံပျက်စီးမှုအပေါ် မွန်ပြည်နယ်  သဘာဝဘေးကာကွယ်ရေး  ရန်ပုံငွေမှ ထောက်ပံ့ ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်၍  ရှင်းလင်းပြောကြားပြီး  တောင်သူများအနေဖြင့်   ရရှိသည့်  ထောက်ပံ့ ကြေးငွေများဖြင့်  မိမိတို့လယ်ယာမြေများကို    ပြန်လည်စိုက်ပျိုးသည့်နေရာတွင်  အကျိုးရှိရှိ  အသုံးချ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍  ထောက်ပံ့ငွေများကိုပေးအပ်ရာ  ကျခတ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ကျခတ် ချောင်း၊ ရှမ်းကလေး၊ ရေတွင်းဖြူ၊ မြောက်ရွာ၊ အုန်းတော၊ ဖခီး၊  နောင် ကတုတ် ကျေးရွာများမှ ပျက်စီး သီးနှံ ၄၅၅.၅ ဧက အတွက် ၁ ဧကလျှင်ငါးသောင်းကျပ်နှုန်းဖြင့် တောင် သူ ၁၅၇ ဦးတို့အား ငွေကျပ် ၂၂၇.၇၅ သိန်းနှင့် သီးနှံပျက်စီးခံခဲ့ရသော အိမ်ထောင်စု ၅၇၀ စုမှ  မိသား စုဝင်  ၂၇၇၁  ဦးအတွက် တစ်ဦးလျှင် ၇၅၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၂၀၇.၈၂၅  သိန်းကို   မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူ အသီးသီးတို့ကတောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထူးနောင်(ပြန်/ဆက်)

No comments:

Post a Comment