Monday, January 30, 2017

ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများ အမြန်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

နေပြည်တော်၊ ဇန်န၀ါရီ ၃၀
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ် Terminal 1 ရှေ့၌ ဦးကြည်လင်း ဆိုသူမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ
ဥပဒေအကြံပေးတစ်ဦး ဆုံးရှုံးရခြင်း အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း၊ ယင်းဖြစ်စဉ်သည် လုံခြုံရေးနှင့်ပတ်သက်၍ များစွာ ထိခိုက်စေခြင်းကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများအား အမြန် ဖမ်းဆီးရမိရေး အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
(သတင်းစဉ်)

No comments:

Post a Comment