Friday, January 27, 2017

အထူးစီးပွားရေးဇုန်များတွင် ပိုမိုရင်းနှီးမြုပ်နှံရေးကိစ္စ ဆွေးနွေး


နေပြည်တော် ဇန်နဝါရီ ၂၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် Japan Chamber of Commerce and Industry (JCCI) ဥက္ကဌ Dr. Akio Mimura နှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ၀န်ကြီးရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလမ်းစဉ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဂျပန်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များမှ ပူးပေါင်း ဆောင်ရွက်ပေးရန်ကိစ္စ၊ လယ်ယာထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်လုပ်၍ ဂျပန်နိုင်ငံ၊ ဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများသို့ တင်ပို့နိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် ကိစ္စ၊ အထူးစီးပွားရေးဇုန်များတွင်လည်း ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် ရန်ကုန်မြို့တော်အား ခေတ်မီဆန်းသစ်သော မြို့အဖြစ် အဆင့်မြှင့်တင်မည့် မဟာရန်ကုန် စီမံကိန်း ကိုလည်း JICA နှင့် ပူးပေါင်း ဆောင်ရွက်နေမှုကိစ္စ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့် ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်အား ထိန်းသိမ်းစောင့်ရှောက် ရာတွင် ဂျပန်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စ၊ စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ် သည်မှစ၍ ဈေးကွက်အတွင်းသို့ အချိန်မီ ရောက်ရှိသည်အထိ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး ရေးနည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်၍ ပူးပေါင်း ဆောင်ရွက် သွားရေးကိစ္စ၊ လျှပ်စစ်ကဏ္ဍနှင့် ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များ၊ မော်တော်ယာဉ် တင်ပို့ခြင်း စသည့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍမျိုးစုံတွင် ပူးပေါင်းဆောင်ရွက် ရေးကိစ္စများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment