Friday, January 27, 2017

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ ဗြိတိန်နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးသွားရောက်ရာမှ ပြန်လည်ရောက်ရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၇
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ဗြိတိန်နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးသွားရောက်ရာမှ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။

လွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဥပဒေ ကြမ်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော် အခွင့် အရေးကော်မတီ  အဖွဲ့ဝင် ဦးစိုင်းစန်သိန်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရွှေပုံ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါ လာကြသည်။ 
(သတင်းစဉ်)

No comments:

Post a Comment