Friday, January 27, 2017

ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား အဆင့်မြင့်ဝက်မွေးမြူထုတ်လုပ်ရေး ပူပေါင်းဆောင်ရွက်မည်


နေပြည်တော်၊ ဇန်နဝါရီ ၂၇ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ကိုရီးယားနိုင်ငံ၊ Katec Myanmar Co.,Ltd မှ ဥက္ကဌ ဖြစ်သူ Mr. Yong Woo Kim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ဝက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ၊ ပြည်ပဝက်မျိုးစိတ်သစ် များ တင်သွင်းခြင်းမှတဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့်ကိစ္စ၊ Katec  ပထမ (၅)နှစ် ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းတိုးတက်မှု အပေါ် မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့် စီမံချက်များ ချမှတ်အကောင်အထည်ဖော် တိုးချဲ့ဆောင်ရွက်ရေးကိစ္စ၊  မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော ကိုရီးယားနိုင်ငံမှ အကောင်းဆုံးဝက်မျိုးစိတ်များကို တင်သွင်းပြီး ကိုရီးယားနည်း ပညာဖြင့် မွေးမြူ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည့်ကိစ္စ ၊ ထိုကဲ့သို့ ထုတ်လုပ်နိုင်ရန် ပြုပြင်ထုတ်လုပ် သည့် အသင့်စက်ရုံများနှင့် သားသတ်စက်ရုံများ တည်ထောင်နိုင်သည်အထိ ဆောင်ရွက် သွားမည့်ကိစ္စ၊ ထို့အပြင် မြန်မာနိုင်ငံအတွင်း ဝက်မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေပေးပြီး ဝက်မွေးမြူရေး နည်းပညာများကိုလည်း သင်တန်းများ ဖွင့်လှစ် ပို့ချပေးသွားမည့်ကိစ္စ၊ ပထမ (၅) နှစ်တာ ကာလအတွင်း အဆင့် (၅) ဆင့်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး နှစ်တို မဟုတ်ဘဲ နှစ်ရှည်စီမံချက်ဖြင့် ကောင်းမွန်ဆုံး ဆောင်ရွက်သွားမည့်ကိစ္စများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment