နေပြည်တော် ဇန်န၀ါရီ ၃၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်(၉)နာရီတွင်
နေပြည်တော်၌ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်
နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသားများအနေဖြင့်
မိမိကိုယ် ကို စောင့်ရှောက်နိုင်မည့် အင်အားရှိပါကြောင်း၊ ထိုကြောင့် အရေအတွက်များသော
တိုင်းရင်းသား များမှ လူနည်းစုနှင့် လူမျိုးစုငယ်များ၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ
အား မပျောက်ကွယ်အောင် စောင့်ရှောက်ရမည့် ကြီးလေးသည့် တာဝန်ရှိပါကြောင်း၊ မိမိတို့အနေ
ဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ချည်းကပ်ဆောင်ရွက်မည် ဆိုပါက လူမျိုးစုငယ်များ
၏ လိုအပ်ချက်များကိုလည်း မမေ့ရန်လိုအပ်ပါကြောင်း၊ အရေအတွက်များ၍ အင်အားကြီးသော တိုင်းရင်းသားများက
အင်အားငယ်သည့် တိုင်းရင်းသားများအား ညှာတာ၍ ၎င်းတို့၏ အခွင့်အရေး ကိုလည်း ကာကွယ်ရမည့်
တာဝန်ရှိသည်ကို နှလုံးသွင်းဆောင်ရွက်သွားကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း။
ယခုကဲ့သို့ တိုင်းရင်းသားများစုစည်း၍ တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ်စောင့်
ရှောက်ရာ၌ တာဝန်ကိုလည်း သတိပြုရန်လိုပါကြောင်း၊ အခွင့်အရေး လိုချင်ပါက တာဝန်ကိုလည်း
သိရမည် ဖြစ်ပါကြောင်း၊ အခွင့်အရေးနှင့် တာဝန်ကို ဒွန်တွဲပြီး တူညီသော တန်ဖိုးထားမှ
မိမိတို့၏ လူ့အသိုက်အ၀န်းသည် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ အခွင့်အရေးကိုသာ ဦးစားပေး၍
မရပါ ကြောင်း၊ အခွင့်အရေး တစ်ခုလျှင် တာဝန်တစ်ခု ရှိပါကြောင်း၊ ယခု အခွင့်အရေး နှင့်ပတ်သက်
သည့် နည်းဥပဒေကို ချမှတ်နိုင်ရန်ဆွေးနွေးရာတွင် တဆက်တည်း စဉ်းစားရမည့်အချက်များ ရှိပါ
ကြောင်း၊ အခွင့်အရေးအတွက် ပြောဆိုမှုများရှိသော်လည်း အဆိုပါ အခွင့်အရေးကို မည်သို့ဖော် ဆောင်၍ မည်သူက တာဝန်ယူမည်ကို မစဉ်းစားကြသည်ကိုလည်း
တွေ့ရပါကြောင်း၊ ထိုကြောင့် မည်သည့်ပုံစံနှင့် အကောင်အထည်ဖော်၍ မည်သူက တာဝန်ယူမည်ကိုလည်း
ထည့်သွင်းစဉ်းစား ရန် လိုအပ်ပါကြောင်း။
မိမိတို့အနေဖြင့် ဥပဒေတစ်ခုကို ချည်းကပ်မည်ဆိုပါက ဥပဒေ၏ ပုံစံနှင့် ကိုက်ညီရန်လိုအပ်
ပါကြောင်း၊ ထိုကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ၌ ရှေ့နေချုပ်ရုံးမှ
တာဝန်ရှိသူ များနှင့် ဥပဒေရေးရာ ကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်နိုင်ရန် အမြဲစီစဉ်ခဲ့ပါကြောင်း၊
ထိုသို့ ဆောင်ရွက်ရခြင်းမှာလည်း တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပြီး
အဓိက ကျသည့် အခန်းကဏ္ဍ၌ ရှိနေသည့်အတွက် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့၏ အဓိက ရည်ရွယ်ချက်တစ်ခုမှာ
နိုင်ငံအား တရားဥပဒေစိုးမိုးသော နိုင်ငံဖြစ်ရန် ရည်ရွယ်ထားပါကြောင်း။
တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ နိုင်ငံ၏ လုံခြုံမှု၊ တည်တံ့ခိုင်မြဲမှုနှင့်
တိုးတက်မှုကို အကာ အကွယ် ပေးထားသည့် အဆောက်အအုံဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အား
ဖိနှိပ်ချုပ်ချယ်ထား ခြင်း မဟုတ်ဘဲ ကာကွယ်ထားခြင်း ဖြစ်ရန်လိုပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည်
မိမိတို့ တစ် နိုင်ငံလုံးရှိ ပြည်သူပြည်သားများကို အကျိုးဖြစ်စေမည့် ဥပဒေများနှင့်
ကာကွယ်လွှမ်းမိုးထားသည် ဆိုသည့် အနက်အဓိပ္ပာယ်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊။
ထိုကြောင့် တရားဥပဒေစိုးမိုးမှုရှိရန် အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့တွင်
ခေါင်မလုံ ၍ မိုးယို ဆိုသည့် ဆိုရိုးစကားအတိုင်း နိုင်ငံ၏ ခေါင်သည် တရားဥပဒေသာ ဖြစ်ပါကြောင်း၊ တရား သော ဥပဒေများ ဖြစ်ရန်လည်း လိုပါကြောင်း၊ တရားမျှတသည့်
ဥပဒေများရှိမှသာ မိမိတို့ နိုင်ငံကို အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည်
အမိုး ဖြစ်သကဲ့သို့ အခြေခံ အုတ်မြစ် လည်းဖြစ်ပါကြောင်း၊ မှန်ကန်သည့် ဥပဒေများအပေါ်တွင်
ခိုင်ခိုင်မာမာ ရပ်တည်ရမည် ဖြစ်ပါ ကြောင်း၊ ခိုင်ခိုင်မာမာ ရပ်တည်မှလည်း ဥပဒေများက
မိမိတို့ကို အပေါ်မှနေ၍ ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ဥပဒေများက
ပြည်ထောင်စု ဆိုသည့် အဆောက် အအုံကို ခိုင်မာလုံခြုံ၍ မိမိတို့အားလုံးကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊
ထိုအတူ နည်းဥပဒေများ ကလည်း အဆောက်အအုံ၏ နံရံများအဖြစ် ပံ့ပိုးကူညီ ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ရောက်ရှိလာသည့် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် တိုင်းရင်းသားလူမျိုး
များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေကို ပဏာမဆွေးနွေးရာ၌ စိတ် သဘောထားကို
ပွင့်ပွင့်လင်းလင်း ထားရှိရန်လိုအပ်ပါကြောင်း၊ တခြားသူများ၏ ဆွေးနွေး ပြောကြားချက်ကို
နားလည်လက်ခံ စဉ်းစားပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတင်ပြချက် ထက် ကောင်းသည့်
အဆိုပြုချက်၊ တင်ပြချက်များ ရှိပါကလည်း သဘောထားကြီးကြီးနှင့် လက်ခံ ရန်လည်း လိုအပ်ပါကြောင်း၊
သဘောထားကြီးကြီးနှင့် အမြင်အမျိုးမျိုးကို လေ့လာဆန်းစစ်ပြီး အကောင်းဆုံးကို ရွေးချယ်နိုင်သော
အရည်အချင်းရှိ သည်ကိုလည်း ထုတ်ဖော်ပြသရန် လိုအပ်ပါ ကြောင်း၊ အဆိုပါ စိတ်ဓာတ်ဖြင့် ယခုနည်းဥပဒေများကို
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် သွားကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆွေးနွေးပွဲသို့
တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊
တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီး အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး
ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ကနဦးမူကြမ်းအား တိုင်းရင်းသားလူမျိုးများ ကာကွယ်
စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများ
က နည်းဥပဒေ ကနဦးမူကြမ်း နှင့်စပ်လျဉ်း၍ အဖွဲ့များခွဲကာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
အဆိုပါ နည်းဥပဒေ၌ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂) အခွင့်အရေး
ကာကွယ် စောင့်ရှောက်ရေးနှင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ ဖွဲ့စည်းခြင်း၊
အခန်း(၃) အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ
ဖွဲ့စည်း ခြင်း၊ အခန်း(၄) အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်း၊ အခန်း(၅) အငြင်းပွားမှု
အားဖြေရှင်း ခြင်း၊ အခန်း(၆) ဆုံးဖြတ်ချက်အတည်ဖြစ်ခြင်း၊ အခန်း(၇) တားမြစ်ချက်များ၊
အခန်း(၈) အရေးယူ ခြင်း၊ အခန်း(၉) အထွေထွေ ဟူ၍ပါရှိသည်။
ယင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်
ဖြစ်သည်။
No comments:
Post a Comment