Tuesday, January 24, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ဒွေးတော် ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရဘုရားများအား လှည့်လည်ဖူးမြော်

နေပြည်တော် ဇန်န၀ါရီ  ၂၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်၏ဒွေးတော် (ယခင်ဘူတန် ဘုရင်၏ပထမမြောက်မိဖုရား) Her Majesty the Queen Mother Ashi Dorji Wangmo Wangchuck နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ကြည့်ရှု့လေ့လာပြီး အထင်ကရဘုရားများသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ ဒွေးတော်တို့သည် ရှေးဦးစွာ အာနန္ဒာဘုရားသို့ သွားရောက်ဖူးမြော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဂူပြောက်ကြီး (မြင်းကပါ) ဘုရားသို့ ရောက်ရှိကြကာ ပန်း၊ ဆီမီး၊ ရေချမ်းတို့ကို ကပ်လှူပူဇော်ကြပြီး ဘုရား ပရိဝုဏ်အနီး သဲပန်းချီလက်မှုအနုပညာလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ ဒွေးတော်တို့သည် ရိုးရာလက်မှုအနုပညာ ယွန်းထည်နှင့် ပန်းပုလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှု့လေ့လာကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်သည်တော် ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ ဒွေးတော်အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment