စစ်တွေ ဇန်န၀ါရီ ၁၄
ရခိုင်ယူနိုက်တက်ဘောလုံးအသင်း
ဝေသာလီအိမ်ကွင်းဖွင့်ပွဲနှင့် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းအား ရခိုင်ပြည်နယ် အစိုးရ
အဖွဲ့နှင့် ရခိုင်ပြည်နယ် မိဘပြည်သူများထံ အပ်နှံခြင်းအခမ်းအနားကို ဇန်န၀ါရီ ၁၄ ရက်နေ့
ညနေ ၃ နာရီက ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အဖွင့်အမှာစကားပြောကြားပြီး
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းဥက္ကဋ္ဌ ဦးဇော်မင်းသိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းအား ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ်
မိဘပြည်သူများ ထံ အပ်နှံပြီး ကစားသမားများက တစ်ဦးတစ်ယောက်ချင်း မိတ်ဆက်ကြသည်။
ဆက်လက်၍ ရခိုင်ယူနိုက်တက်
ဘောလုံးအသင်း အိမ်ကွင်းဖွင့်ပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ မြန်မာ နိုင်ငံဘောလုံးဖွဲ့ချုပ်
ဦးဇော်ဇော်နှင့် ရခိုင်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးဇော်မင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ကြသည်။ အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု နှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဦးစံကျော်လှနှင့် ဇနီး၊ ရခိုင်ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်
ဦးဇော်ဇော်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီး များနှင့်ဇနီး၊ ရခိုင်ယူနိုက်တက်အသင်းဥက္ကဋ္ဌ
ဦးဇော်မင်းသိန်း၊ ဘောလုံးအားကစားသမားများနှင့် မိဘပြည်သူများ တက်ရောက် ကြသည်။
ဆက်လက်ပြီး ရခိုင်ယူနိုက်တက်ဘောလုံး
အသင်းနှင့်ဆောက်သမ်း မြန်မာအသင်း ၂၀၁၇ မြန်မာနယ်ရှင်လိဂ်ပွဲစဉ် (၁) အဖြစ် ကျင်းပရာ
ဂိုးမရှိသရေကျခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment