Thursday, January 26, 2017

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ဌာနေ ကိုယ်စားလှယ် လာရောက်တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ  ၂၆  
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ မြန်မာ ပြည်သူပြည်သားများအပေါ် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနေမှု၏ အောင်မြင်ဖြစ်ထွန်းမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNDPတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပိုမို ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့ အစည်း ရေရှည်သဟဇာတ ဖြစ်စွာ အတူလက်တွဲနေထိုင်ရေး၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment