Saturday, January 14, 2017

စိတ်ဖောက်ပြန်ပြီး အခြားနေအိမ်မီးရှို့၍ ကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု တာချီလိတ်မြို့နယ်၌ဖြစ်ပွား

တာချီလိတ် ဇန်န၀ါရီ ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နမ့်ဖုန်းကျေးရွာတွင် စိတ်ဖောက်ပြန်၍  အခြားနေအိမ် အား မီးရှို့ပြီး၊ (၇)နှစ်အရွယ် ကလေးငယ်တစ်ဦးကို သတ်ခဲ့သည့်ဖြစ်စဉ်အား ဇန်န၀ါရီ ၁၃ ရက်၊ နံနက်ပိုင်းက  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မဲခေါင်မြစ်ကမ်းဘေးရှိ နမ့်ဖုန်းကျေးရွာတွင် နေထိုင်သည့် အသက် (၃၃) နှစ် အရွယ် ကျကျိုးသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီခန့်က စိတ်ဖောက်ပြန်ကာ ၎င်း၏နေအိမ်ရှေ့တွင်ရှိသော ဒေါ်နားလော့တီး ၏ (၂၇ပေ×၁၈ပေ) ၀ါးကာ၊ ၀ါးခင်း၊ သက်ကယ်မိုး နေအိမ်အားမီးရှို့သဖြင့် ဒေါ်နားလော့တီး၏ သားများဖြစ် သည့် အသက် (၁၃) အရွယ် ရှဲန်မွေလှနှင့် အသက် (၇) နှစ်အရွယ် ဂီးတိုတို့ကတားမြစ်ရာ ကျကျိုးက ဓားဖြင့်ထိုးသဖြင့် ဂီးတိုမှာ ယာဘက်ပါး၊ ဝဲဘက်ပါး၊ ဝဲနားအောက်၊ ဝဲဘက်ခါး၊ ယာဘက်နံစောင်းများတွင် ထိုးသွင်းဒဏ်ရာ (၅) ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့ခံရသည့် နေအိမ်အား ပြန်လည်ဆောက်လုပ်နိုင်ရေး ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့က မတည်အလှုငွေကျပ်(၄)သိန်း ထောက်ပံ့ထားပြီး၊ ၄င်းကျကျိုးမှာ ဓါးနှင့်တူမီးသေနတ်ကို ကိုင်ဆောင်၍ တောထဲသို့ ထွက်ပြေးသွားသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment