ချောင်းဆုံ ဇန်န၀ါရီ ၁၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ
ပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် အခမဲ့ကျန်းမာရေး ပြုစု စောင့်ရှောက်မှုများကို
ဇန်န၀ါရီ ၁၄ ရက်နေ့နံနက် ၈း၃၀ အချိန်က အစာအိမ်
အူလမ်းကြောင်းဆိုင်ရာနှင့် အသည်းရောဂါ အထူးကုဆရာဝန်များအဖွဲ့ (မြန်မာနိုင်ငံဆရာ ၀န်အသင်း-ဗဟို)
မှ လာရောက်ပြီး ကျန်းမာရေးကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ချောင်းဆုံမြို့
မင်းကျောင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ကျန်မာရေးကွင်းဆင်း
စောင့်ရှောက်မှုများတွင် အသည်းရောင်ဘီပိုးကာကွယ်ဆေး ထိုးခြင်း၊ အစာအိမ်နှင့် အသည်း ရောဂါလူနာများအား
ဆေးကုသပေးခြင်း၊ အစာအိမ်မှန်ပြောင်း ကြည့်ခြင်းများနှင့် အသည်းရောင်အသားဝါအကြောင်း
သိကောင်းစရာများကို ရန်ကုန်အထူးကုဆေးရုံမှ အသည်းရောဂါ ဆေးပညာဌာန ပါမောက္ခဦးဝင်းနိုင်မှလည်းကောင်း၊
အစာအိမ် ရောဂါအကြောင်း သိကောင်းစရာများကို အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဌာနမှ ပါမောက္ခဦးသိန်းမြင့်တို့က
လည်းကောင်း ဟောပြောခဲ့ကြသည်။
ယင်းနောက် ကျန်းမာရေး
ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ရာ အသဲရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးခြင်းအား
ပြည်သူ (၄၀၀) ဦး၊ အသဲရောင်အသားဝါကုသခြင်းအား (၃၂၂) ဦး၊ အစာအိမ်ရောဂါနှင့် ပတ်သက်ပြီးကုသခြင်းအား
(၃၃၄) ဦး၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း (၉) ဦးနှင့် ဟောပြောပွဲတွင် လူဦးရေ (၁၂၆၈၉)
ဦးတို့အား ကျန်းမာရေး အသိပညာပေး ဟောခဲ့ကြောင်း သတင်းရရှိသည်။
ထူးအိမ်(IPRD)
No comments:
Post a Comment