ကျောင်းသား၊
ကျောင်းသူများ၏ ကာယအား၊ ဥာဏ်ဏအားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ဆရာ၊ မိဘသုံးဦးစံညီနိုင်ရေးအတွက်
ဇန်န၀ါရီလ (၃)ရက်နေ့ နံနက် (၉)နာရီကအောင်မြေသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာမူလတန်းကျောင်းတွင်
ကျောင်းသားစုံညီပွဲတော် အားကစားပြိုင်ပွဲကိုကျင်းပခဲ့ကြောင်းသိရှိရသည်။
“ ကျောင်းသား၊
ဆရာ၊ မိဘသုံးဦးညီညွတ်စွာနဲ့ ကျောင်းသားတွေရဲ့ ကာယ၊ ဥာဏ်ဏနဲ့ ပညာရေးတိုးတက်ဖို့ အတွက်
ကျမတို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရယ်၊ မိဘဆရာအသင်းရယ် ပူးပေါင်းပြီးစုံညီပွဲတော်ကိုကျင်းပခဲ့တာပါ၊
ဒီနေ့ကတော့ အားကစားပြိုင်ပွဲတွေကျင်းပတာပါ၊ ကျောင်းသားတွေအားလုံး ပါဝင်ခွင့်ရအောင်
သူ့အရွယ်နဲ့ မျှတတဲ့ အားကစားနည်းတွေကိုယှဉ်ပြိုင်စေတာပါ၊ နောက်နေ့ကပညာရည်ချွန်ဆုပေးပွဲကျင်းပမှာပါ၊
နှစ်စဉ်နှစ်တိုင်းလည်း လုပ်ပေးပါတယ် ” ဟုကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမာ၏ ပြောကြားချက်အရသိရသည်။
ကာယ၊
ဥာဏ်ဏစွမ်းရည်တိုးတက်စေရန် ကျောင်းရှိမူကြိုမှ စတုတ္ထတန်းရှိကျောင်းသားကျောင်းသူများအား
အားလူးကောက်ပြိုင်ပွဲ၊ ဇွန်းအတွင်းသံပုရာသီးထည့်ကာ ပါးစပ်ဖြင့်ကိုက်ပြီး လှမ်းလျှောက်ပြိုင်ပွဲ၊
အရုပ်စီးပြိုင်ပွဲ၊ အရုပ် ကြိုးသီပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊
အိပ်စွပ်အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အိကျီ င်္ဝတ်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ
နှင့် ကြက်ဖခွပ်ပြိုင်ပွဲများကိုယှဉ်ပြိုင်စေပြီးဆုများလည်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်
(ပြန်/ဆက်)
No comments:
Post a Comment