Tuesday, January 3, 2017

မန္တလေးမြို့တွင် ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး


မန္တလေး ဇန်န၀ါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော် (မန္တလေး) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာ့သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်(MIIT) ၌ ဇန်န၀ါရီ ၃ ရက် နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက် လာသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ က သိရှိလိုသည်များအား အကြံပြု ဆွေးနွေး ခဲ့ကြသည်။
အဆိုပါကလေးစာပေပွဲတော် (မန္တလေး)သည် ဇန်န၀ါရီလ ၂၇၊၂၈၊၂၉ ရက်များတွင် မြန်မာ့သတင်း အချက်အလက်နှင့်နည်းပညာတက္ကသိုလ်(MIIT) တွင် ကျင်းပသွားမည်ဖြစ်သြည်။ ကလေးစာပေပွဲတော်သို့ မည်သူမဆို လွတ်လပ်စွာလာရောက် လေ့လာနိုင်ပြီး ကလေးစာပေပြပွဲ၊စာအုပ်ဈေးရောင်း ပွဲတော်နှင့် ပြပွဲပြိုင်ပွဲများ၊ ကလေးများပျော်ရွင်ဖွယ်ဖျော်ဖြေရေးအစီအစဉ်များ၊ ကလေးများအနေဖြင့် ကာတွန်းရေးဆွဲ ခြင်း၊ ပန်းချီရေးဆွဲခြင်း၊ အရုပ်ဆက်ခြင်း၊ဆေးရောင်ခြယ်ခြင်း၊ ပုံပြောပြိုင်ပွဲ၊မြန်မာ့ရိုးရာရုပ်သေးပွဲအစီအစဉ်များ၊ မျက်လှည့်အစီအစဉ် များ၊ ဖျော်ဖြေပွဲများ၊ ကလေးများအတွက် ပျော်ရွင်ဖွယ်ကစားနည်းများ စုံစုလင်လင်ပါဝင်သွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် ပြိုင်ပွဲများကို  ကျင်းပသွားမည်ဖြစ်ရာ ကလေးစာပေပွဲတော် နောက်ဆုံးနေ့တွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေး (ပြန်/ဆက်)

No comments:

Post a Comment