ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊
သတ္တုတွင်း ၀န်ကြီးဦးကျော်လွင်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊
ပုန်းဆိုးပြင်ကျေးရွာဒေသခံပြည်သူများဖြင့်
ဇန်န၀ါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင်
ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး၊ (၁)နာရီ (၄၅)မိနစ်အချိန်တွင် ကံကော်ကျေးရွာ အုပ်စုအတွင်းပြည်သူများဖြင့်
ဆက်လက်တွေ့ဆုံခဲ့ရာ၊ ဒေသခံပြည်သူများ၏ တောင်းဆိုချက်များနှင့်တင်ပြ ချက်များကို ဘဏ္ဍာနှစ်အလိုက်ဖြေရှင်းပေးနိုင်ရန်အတွက်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကံကော်ကျေးရွာ တွင် ရခိုင်ပြည်နယ်အစိုးရခွင့်ပြုငွေ(၃၁၄.၄၃၀)သန်းဖြင့်
လျိုပိတ်ဆည်တည်ဆောက် နေမှုကိုကြည့်ရှုစစ် ဆေးခဲ့ပါသည်။
၎င်းလျိုပိတ်ဆည်ကို လင်းလက်ဝတီကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ညနေပိုင်းတွင်
ကုန်ဘောင်ကျေးရွာ နေပြည်သူများဖြင့် တွေ့ဆုံခဲ့ပြီး၊ ညနေ(၅)နာရီအချိန်တွင် ရမ်းဗြဲမြို့သို့
ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)

No comments:
Post a Comment