Tuesday, January 17, 2017

ဘူတန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးမောင်ဝေအား ပူးတွဲခန့်အပ်

နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးမောင်ဝေအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ဘူတန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။

(သတင်းစဉ်)

No comments:

Post a Comment