Monday, January 16, 2017

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ စစ်တွေမြို့ အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုလေ့လာ

မောင်တော ဇန်န၀ါရီ ၁၆
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီနှင့် အဖွဲ့သည် ဇန်န၀ါရီ ၁၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့မှ စစ်တွေမြို့သို့ အမြန်ယာဉ်များဖြင့် ရောက်ရှိကြသည်။

မွန်းလွဲပိုင်းတွင် စစ်တွေမြို့ အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ မစ္စရန်ဟီလီနှင့်အဖွဲ့သည် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြကြောင်း သိရှိရသည်။

ခရိုင် ပြန် / ဆက်

No comments:

Post a Comment