Tuesday, January 31, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအား လက်ခံတွေ့ဆုံ




နေပြည်တော်၊ ဇန်နဝါရီ ၃၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် မြန်မာနိုင်ငံဆိုင်ရာ  ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Patrick ၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen ၊ အမေရိကန်နိုင်ငံ  သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ရုံး ယာယီတာဝန်ခံ Mr. Colin STEINBACH တို့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်‌ ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်‌ ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment