Thursday, January 12, 2017

ကျောက်ထုမြို့ တိုက်နယ်ကျေးလက်ကျန်းမာရေးဌာန၌ ကာကွယ်ဆေးများထိုးနှံပေး

ကျောက်ထု ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး ကျေးလက် ကျန်းမာရေးဌာန၌ ကလေးငယ် ၆၀ ဦးတို့အား အခမဲ့ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကလေးငယ်များအား ပေါင်ချိန်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ထုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျေးလက် ကျန်းမာရေးဌာန တိုက်နယ်ဆေးရုံ တာဝန်ခံသူနာပြုဆရာမ ဒေါ်လိန်းကီးရောင်က ကြီးကြပ်လျက် ကျန်းမာရေး ဝန်ထမ်းများက အသက် ၂ လ မှ ၆ လ အထိ ပုံမှန်ကာကွယ်ဆေး၊ အသက် ၉ လပြည့် ကလေးများအား ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ အသက် ၁၈ လပြည့် ကလေးများအား ဝက်သက်ကာကွယ်ဆေး နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးကာ ကလေးငယ်များအား ပေါင်ချိန်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး မိဘများအား ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment