Tuesday, January 3, 2017

မြစ်သားမြို့ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ


မြစ်သား ဇန်န၀ါရီ ၃
မနလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်လုံးဆိုင်ရာစစ်တုရင်ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကဦးဆောင်စုစုစံကဖေး ဇန်န၀ါရီ ၃ရက်နံနက် ၈နာရီကကျင်းပကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးအေးမင်းအောင်က̏ ကျွန်တော်တို့ ဒီပြိုင်ပွဲကိုလွတ်လပ်ရေးနေ့ ရောက်တိုင်းနှစ်စဉ်ကျင်းပခဲ့ပါတယ်၊ ပြိုင်ပွဲဝင်ကစားသမားတွေကို ညဏ်ရည်အခွင့်အလမ်းတိုးတက်စေချင် တာပါ၊ဒီကစားနည်းကနုညံ့သိမ်မွေ့ ခက်ခဲတယ်၊ ဒါကြောင့် ကစားသမားနည်းပါးပါတယ်၊ ဒါကိုလူငယ်တွေ ကြားမှာကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်၊အထူးသဖြင့် ကျောင်းသူကျောင်းသားတွေ ပါဝင်လာစေချင်ပါ တယ်၊ နောင်နှစ်တွေမှာအငယ်တန်း၊အကြီးတန်းတွေခွဲပြီးကစားသမားမျိုးဆက်သစ်တွေ ပေါ်ထွက်လာအောင် ကြိုးစားသွားမှာပါ˝ဟုပြောသည်။
ပြိုင်ပွဲတွင် ပထမဆု၊ဒုတိယဆုနှင့် နှစ်သိမ့်ဆု(၅)ဆုကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အလှူရှင်များကစုပေါင်းချီးမြှင့်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်) 

No comments:

Post a Comment