လွိုင်ကော်မြို့၊
ဒေါနိုးကူးရပ်ကွက် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ဇန်န၀ါရီ လ ၃ ရက်
နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်က ဒေါနိုးကူးရပ်ကွက်မှ မြေငှားဂရန်ရရှိရေး လျှောက်ထားတင်ပြထားသော
ပြည်သူ (၁၈) ဦးထံသို့ မြေငှားဂရန် ပေးအပ်ပွဲကိုပြုလုပ်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်
၊ လွှတ်တော် ဒု-ဥက္ကဌ ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ ဌာနဆိုင်ရာများ ရပ်ကွက်နေပြည်သူတို့တက်ရောက်ကြသည်။
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူများအနေဖြင့်
မြေဂရန်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများအား သိရှိလိုသည့်အတွက်
လာရောက်ရခြင်း ဖြစ်ကြောင်း ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏အခက်အခဲ့များအား
တင်ပြဆွေးနွေး နိုင်ကြောင်းပြောကြားသည်။
ဆက်လက်၍
တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြရာတွင် မိမိတို့ အနေဖြင့် မြေငှားဂရန်လျှောက်ထား
ရာတွင် ဌာနဆိုင်ရာများက ပါဝင်ကူးညီဆောင်ရွက်ပေးသည့်အတွက် အခက်အခဲ့များမရှိပါကြောင်း
၊ ယခု မြေငှားဂရန် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းဖြင့်
ပြန်လည် ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက
မြေငှားဂရန်ရရှိရေး လျှောက်ထားတင်ပြထားသော
ဒေါနိုးကူး ရပ်ကွက်နေ ပြည်သူ (၁၈) ဦးထံသို့ မြေငှားဂရန် များပေးအပ်ခဲကြောင်းသတင်းရရှိသည်။
ယခုလက်ရှိအချိန်ထိ
မြေဂရန်များထုတ်ပေးပြီးစီးမှုမှာ (၂၃-၈-၂၀၁၆) ရက်နေ့တွင် ဒေါဥခူရပ်ကွက်၌ (၁၆)ဦး၊ (၂၃-၉-၂၀၁၆)
ရက်နေ့တွင် ဒေါတမရပ်ကွက်၌ (၂၀)ဦး ၊ (၁၄-၁၂-၂၀၁၆) ရက်နေ့တွင် မိုင်းလုံးရပ်ကွက်၌ (၂၁)ဦး
နှင့် (၃-၁-၂၀၁၇) ရက်နေ့တွင် ဒေါနိုးကူးရပ်ကွက်၌ (၁၈) ဦးတို့အား ပေးအပ်ပြီးဖြစ်ကြောင်း
သိရှိရသည်။
ပြည်နယ်
(ပြန်/ဆက်)

No comments:
Post a Comment