Monday, January 16, 2017

မိုင်းဆတ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဇန်န၀ါရီ ၁၆
ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နှစ်စဉ်အကောင်အထည်ဖေါ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ရန်ပုံငွေကျပ် ၅၄ ဒဿမ ၃၅ သန်းဖြင့် မယ်ကော်(၁) နှင့်
မယ်ကော် (၂) ကျေးရွာချင်းဆက်မြေသားလမ်း ၂မိုင် ၄ဖာလုံ ဖောက်လုပ်နေမှု၊ ရန်ပုံငွေကျပ် ၁၈၃ ဒဿမ ၇၄၅ သန်း ဖြင့် ၀မ်ကျောင်းနှင့် တာလျှပ်ကျေးရွာ  ကတ္တရာလမ်း ၀ ဒဿမ ၆၅ မိုင်ခင်းခြင်းနှင့် တံတားနှစ်စင်း တည်ဆောက်နေမှုကို ဇန်န၀ါရီ ၁၅ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးနှင့်တာဝန်ရှိသူတို့က လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်ညီ၊ မညီ ကွင်းဆင်းတိုင်းတာ ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment