Monday, January 16, 2017

မအူပင်မြို့တွင် စာပေဟောပြောပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်နှင့် ကာတွန်းပြခန်းကျင်းပ

မအူပင် ဇန်န၀ါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူမှုကူညီရေးအသင်းများ ဦးဆောင်ကျင်းပသည့် (ပထမ) အကြိမ် စာပေဟောပြောပွဲ၊ စာအုပ်ဈေးပွဲတော်နှင့် ကာတွန်းပြခန်းများကို ဇန်န၀ါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကမ်းနားလမ်း လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

စာအုပ်ဈေးရောင်းပွဲတော် ကာတွန်းပြခန်းကို နံနက် (၉)နာရီမှ ည (၁၀)နာရီအထိ ဖွင့်လှစ်ပြသထားရှိပြီး စာပေဟောပြောပွဲကို ညစဉ် (၈)နာရီမှ (၁၀)နာရီအထိ ဆရာထင်လင်းဦး၊ ၈၈/ငြိမ်းပွင့်-ကိုကိုကြီး၊ တေးရေးဆရာအရိုး၊ ဆရာဝေမှူးသွင်နှင့် အကြည်တော်၊ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)တို့က ဟောပြောကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment