Monday, January 16, 2017

အိမ်စီးမော်တော်ယဉ်တစ်စီး လမ်းဘေးသစ်ပင်အားဝင်တိုက်ပြီး ယာဉ်ပေါ်ပါသူတစ်ဦးသေဆုံး

သထုံ၊ ဇန်န၀ါရီ၊  ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ငါးမွေးမြူရေးစခန်းရှေ့ ရထားလမ်းကူးအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် တွင် ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၅ နာရီခွဲက အိမ်စီးမော်တော်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား အရှိန်ဖြင့် ဝင်ရောက်တိုက်မိပြီး ယာဉ်ပေါ်ပါသူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ကိုခင်မောင်ဌေး (၃၇) နှစ် ဘ ဦးအာဂိုစတီးနို ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာပြီး ဘေးမှညီဖြစ်သူ ခင်မောင်ထွေး (၂၈) နှစ် လိုက်ပါလာ သည့် ယာဉ်အမှတ် YGN-2H8819၊ Toyota Balta အဖြူရောင် အိမ်စီးမော်တော်ယာဉ်သည် ဖြစ်စဉ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းဖြစ်သူ ကိုခင်မောင်ဌေးနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ၎င်း၏ညီဖြစ်သူ ခင်မောင်ထွေးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသ စဉ် ညီဖြစ်သူ ခင်မောင်ထွေးမှာ ရရှိဒဏ်ရာများကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကိုခင်မောင်ဌေးအား သထုံမြို့မရဲစခန်းမှ ယာဉ် (ပ) ၄/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄- က ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment