နေပြည်တော်၊
ဇန်နဝါရီ - ၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည်
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အက်ဒရူး ပက်ထရစ်အား ယနေ့နံနက်
၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ချစ်ကြည်ရေးခရီးစဉ် ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏
ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင် ရွက်
ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယ
ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment