Friday, January 27, 2017

လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသစ်ဖွင့်ပွဲကျင်းပ


ဘားအံ ဇန်န၀ါရီ ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ အချိန်က ကမော့ကချူးကျေးရွာအဆိုပါ ရုံးသစ်၌ ကျင်းပသည်။

ရုံးသစ်ဖွင့်ပွဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောပြည်သာက အဖွင့်အမှာစကားပြောကြားပြီးလှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသိန်းစိုးက ရုံးသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်အလံများအား ပေးအပ်သည်။
ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောပြည်သာက ရုံးသစ်ဆိုင်းဘုတ်အားစက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီးလှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) လမ်း၊ တံတားဌာနညွှန်ကြားရေးမှူး ဒေါ်တင်မိုးမြင့်  တို့နှင့်အတူရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်  ရေးဦးစီးဌာန စုပေါင်းရုံး ပေနှစ်ဆယ်ပတ်လည် အခန်း၌ လုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့ရပြီးဖွဲ့စည်းပုံသစ်အရ ၀န်ထမ်းသစ်များခန့်ထားခြင်းနှင့် လုပ်ငန်းများကျယ်ပြန့်လာခြင်းတို့ကြောင့်မြေအကျယ် ၁၅၀x၈၀ပေပေါ်တွင် ၆၄ပေ ပတ်လည် ၁၂ပေ ၆လက်မအမြင့်ရှိ RC တစ်ထပ် အဆောက်အဦကိုခွင့်ပြုငွေကျပ် ၈၇.၃၁၉၅ ကျပ်သန်းဖြင့် ဆောက်လုပ်ခဲ့ကာ ဆက်စပ်လုပ်ငန်းများအနေဖြင့် အချင်း ၄ လက်မစက်ရေတွင်းတစ်တွင်း၊ ဂါလံ ၂၀၀၀ ဆံ့ရေစုကန်တစ်ကန်၊ ဂါလံ ၄၀၀ဆံ့ အမြင့်တင်ရေစင်တစ်စင်၊ ၃၈၀ ပေ  Chain Link ခြံစည်းရိုး၊  ၈၀ ပေအုတ်တံတိုင်းခြံစည်းရိုးနှင့် ရုံးတွင်းရုံးပြင် ကွန်ကရစ်လမ်းခင်းခြင်းများပါရှိပြီးဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊  မူဝါဒနှင့်လုပ်ငန်းစဉ်များကိုပိုမိုဆောင်ရွက်နိုင်ရန် ယခုရုံးသစ်ကိုဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment