ကျိုက်ထို ဇန်နဝါရီ ၂၆
ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှပြည်သူ အများဥပဒေဘောင်တွင်း၌ အေးချမ်းစွာနေထိုင်နိုင်ရန် မှုခင်းဖြစ်ပွားမှုမရှိအောင်အရှိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပြီးမှု ခင်းကျဆင်းရေးကို ရှေ့ရှု၍ဟောပြောပွဲများကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင် ရွက်လျှက်ရှိရာ ဇန်နဝါရီ ၂၅ ရက်နံနက် ၁၀နာရီတွင် ကျိုက်ထိုမြို့နယ်အင်္ဂဘိုကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ (အင်္ဂဘို)စပယ်ခန်းမဆောင်၌မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်သိန်းဦးဦးဆောင်၍မှုခင်းကျဆင်းရေးအသိပညာပေဟောပြောပွဲကိုပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင်မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးမြင့်သိန်းဦးမှ မှုခင်းကျဆင်းရေး တရားဥပဒေစိုးမိုးရေး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးသက်ငယ်မု
ဒိမ်းမဖြစ်ပွားစေရေး ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာ၍ ကျောင်းသားကျောင်းသူများ စာမေးပွဲအောင်ချက်မြင့်မားရန်
အသိပညာပေးဟောပြောပြီး စာတော်၍ ဆင်းရဲနွမ်းပါးသည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသားတစ်ဦးနှင့်
ကျောင်းသူတစ်ဦးတို့အား ရဲမှူးမြင့်သိန်းဦးမှ တစ်ဦးလျှင်ငွေကျပ် (၅၀၀၀၀)ကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့သည်။
ယင်းနောက်ရဲမှူးမြင့်သိန်းဦးမှ
ကျေးရွာ အုပ်ချုပ်ရေးမှူးဦးထွန်းထွန်း၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ မှုခင်းကျဆင်းရေးနှင့်
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ မီးဘေးအန္တရာယ်နှင့်တစ်ခြားလုံခြုံရေးကိစ္စရပ်များကို
ဆွေးနွေးပြီး မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်မည့်လုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျိုက်ထို
(ပြန်/ဆက်)


No comments:
Post a Comment