Monday, January 30, 2017

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေး ဝန်ကြီးဌာနနှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ပညာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း


နေပြည်တော် ဇန်နဝါရီ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ပညာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး H.E.Mrs. Sengdeuane LACHANTHABOUNE တို့သည် ယနေ့ ညနေ ၄နာရီတွင် နေပြည်တော်ရှိ

ပညာရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေး ဝန်ကြီးဌာနနှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ပညာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ပညာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး H.E.Mrs. Sengdeuane LACHANTHABOUNE တို့သည် နှစ်နိုင်ငံကြား ပညာရေး နယ်ပယ်တွင် ဖွံ့ဖြိုး တိုးတက်ခြင်း၊ ချစ်ကြည်ရေး ခိုင်မြဲခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း အတွက် ဆောင်ရွက်မည့် ပညာရေး လုပ်ငန်းများကို သဘော တူညီသည့် နားလည်မှု စာချွန်လွှာအား လက်မှတ် ရေးထိုးကြသည်။
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ပညာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး H.E.Mrs. Sengdeuane LACHANTHABOUNE နှင့်အဖွဲ့သည် ကျောက်မျက် ရတနာပြတိုက်သို့ လည်းကောင်း၊ နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းသို့ လည်းကောင်း၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်သို့ လည်းကောင်း သွားရောက် လှည့်လည် လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။
(ပညာရေး)

No comments:

Post a Comment