Monday, January 30, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟိရိုတို အိဇုမိ (H.E. Mr. Hiroto Izumi) အား ယနေ့နံနက်(၁၀)နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်က မြန်မာ - ဂျပန် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကဏ္ဍ ၉ ခုနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက် ထားရှိမှုနှင့် အနာဂတ်တွင် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ကျေးလက်ဒေသ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အဦ ကဏ္ဍဖွံ့ဖြိုးရေး၊ ပညာရေးကဏ္ဍ အရည်အသွေးမြှင့်တင်ရေးနှင့် အလုပ်အကိုင်ဖန်တီးရေး၊ မြို့ပြ စက်မှုလုပ်ငန်းများကဏ္ဍဖွံ့ဖြိုးရေး၊ ကျေးလက်နှင့် မြို့ပြဆက်သွယ်သည့် ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြို့ပြအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကငွေကြေး ကဏ္ဍ တိုးတက်မှုရှိစေရေး၊ စာတိုက်နှင့်ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက် မှုကဏ္ဍ အဆင့်မြှင့်တင်ရေးစသည့် ကဏ္ဍ(၉)ခုတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment