Monday, January 30, 2017

စာဖတ်ရှိန် မြင့်မားရေး ကျင့်ဝတ်နီတိ ရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ တာချီလိတ်၌ ကျင်းပ

တာချီလိတ်  ဇန်န၀ါရီ  ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဌာနတို့  ပူးပေါင်း၍  ကျောင်းသား ကျောင်းသူများ  ငယ်စဉ်ကတည်းက     စာဖတ်သည့် အလေ့ကျင့် ကောင်းများ တိုးပွား ရရှိပြီး   ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက် လာစေရန်၊ တီထွင် ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန် ၊ စာဖတ်ရှိန် မြင့်မား လာစေရန်  ကျင့်ဝတ်နီတိ ရွတ်ဆိုပြိုင်ပွဲ နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို  ယနေ့  ဇန်န၀ါရီ ၃၀ ရက်၊ နံနက် ၉ နာရီခွဲက ခရိုင်ရုံးရှိ ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင်  ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဦးလှဌေး က ပြိုင်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး၊ အခြေခံပညာ အလယ်တန်းနှင့် မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ (၂၈)ဦးတို့က  ကျင့်ဝတ် နီတိများ ရွတ်ဆို ယှဉ်ပြိုင်ခြင်း နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများကို  ပါဝင်ယှဉ်ပြိုင် ကြသည်။
ထို့နောက်  ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား အဆွေတော် မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းမှ ဦးတင်လှိုင်၊ မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထိန်မင်း နှင့် တာဝန် ရှိသူများက ဆုများ ချီးမြှင့်ပေးပြီး၊ ရုံးခန်းမရှိ Community Centre နှင့် ကလေး စာဖတ်ခန်းတို့တွင် အသုံးပြုရန် ထိုင်ခုံများ၊ စာအုပ်တင်စင် နှင့် ဖော့အခင်းများ လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို တာဝန်ရှိသူက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment