Monday, January 30, 2017

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဘိုးဘွား ရိပ်သာသို့ အလှူငွေနှင့် စားဆီများ လှူဒါန်း



စစ်တွေ ဇန်န၀ါရီ ၃၀
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ရခိုင်ပြည်နယ် ဘိုးဘွား ရိပ်သာ သို့ သွားရောက်ပြီး အလှူငွေ ကျပ် (၅) သိန်းနှင့် စားဆီ (၁၀၀) လီတာ ကို ရခိုင်ပြည်နယ် ဘိုးဘွား ရိပ်သာ စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဦးရွှေထွန်းအောင် က လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။







ဆက်လက်ပြီး ပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့သည် စားရိပ်သာကို သွားရောက်ကာ ဘိုးဘွားများ၏ စားသုံးမှုကို ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဘိုးဘွားများ၏ အိပ်ဆောင်များကို ရောက်ရှိကာ ဘိုးဘွားများကို တွေ့ဆုံ အားပေး စကား ပြောကြားခဲ့သည်။ အဆိုပါ ဘိုးဘွား ရိပ်သာ၌ ဘိုး(၁၀) ဦး ၊ အဘွား(၂၆) ဦး တို့ကို ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အသင်းမှ စောင့်ရှောက်လျက် ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment